Thursday, January 31, 2008

တိတ်တခိုးချစ်သူ

ရင်ထဲ စိုးမိုးဆဲ
ညင်သာတဲ့အသံ
နွေးထွေးတဲ့အကြင်နာ
ယုယမှုတွေထာဝရ...
တွယ်တာမှုအစဉ်လာ...
ပိုင်စိုးချင်တဲ့စိတ်ကူး..
အင်းခုတော့......
ဝေးနေဆဲ
တနေ့နေ့ တချိန်ချိန်..
ဆုံနိုင်ခဲ့မယ်ဆို၇င်..
မလွတ်တမ်း ဖက်တွယ်ခဲ့တဲ့ ဆုတောင်းတခု..
မင်းနဲ့မခွဲ လက်တွဲချင်.......

Sunday, December 09, 2007

ပြန်ခဲ့တော့

ကခုန်နေတဲ့ လေညင်းလေးနဲ့အတူ
ငါမျှော်လင့်ခဲ့မိတဲ့မင်း၇ဲ့ချစ်ခြင်းတစ်ခု....

ချိုသာစွာသီကြူးနေတဲ့ ငှက်ကလေးတွေ၇ဲ့
နူးညံ့တဲ့သံစဉ်လေးတွေနဲ့အတူ
မင်း၇ဲ့အချစ်ကလေးတွေများစီးမျောပါလာလိမ့်မလား
၇ှာဖွေနေရင်း.....

ညည ၇ံခါ ယောင်ယမ်း ငိုကြွေးနေမိတဲ့အခါ
ချစ်သူရဲ့နှစ်သိမ်းမှုကို တမ်းတနေမိပြန်ရော......

တစ်ခါတစ်ရံ
ကြမ်းတမ်းတဲ့လောကဓိအောက်
အံခဲံကာ ဖြတ်လျှောက်နေတုန်း
ချိုသာတဲ့ချစ်သူအပြုံးတစ်ပွင့်နဲ့
ဖြေသိမ့်နေခဲ့ချင်သူပေါ့......

ချစ်သူ
ဝေးကွာခြင်းတွေအဆုံးသတ်ချင်နေမိ.
ရင်မှာသစ်စာ ထားတာကစေတနာ
မင်းနဲ့မခွာ အတူလျြှောက်ချင်တဲ့ ဘ၀လမ်းမို့
အမြန်သာပြန်ခဲ့တော့........

နှင်းဆီနီ

Thursday, December 06, 2007

today diary

ငါအဆိပ်မိးလျှံတွေနဲ့ နပန်းသတ်နေတုန်း.....
မင်းဘယ်များရောက်နေပါလိမ့်ချစ်သူ......
တွယ်တာမှုအနန်တနဲ့ ငါမင်းကို တမ်းတနေမိတုန်း......
မင်းက ကြယ်တာများများနဲ့ ကခုန်လို့ကောင်းနေတုန်းပေါ့.....
ခုတော့
ငါ အဆုံးမဲံတမ်းတခြင်းတွေကြား.......
အရူးမီးဝိုင်း ငိုကြွေးနေရပီလား...
ချစ်သူ
စစ်မှန်တဲ့ချစ်ခြင်းတရားတွေကြားမှာ
ကြောက်ရွံ့ရှောင်ပုန်းလိုခြင်း လိုအပ်မယ်ထင်နေလား.......
အချစ်အတွက် အသက်ပေးရဲ့တယ်ဆိုတဲ့ငါ့စကား
မင်းလှောင်ပြောင်သရော်ပီး
ဒဏ်ချက်များစွာ ငါ့အသည်းကိုနာကျင်စေခဲ့တဲ့နေ့တုန်းကစလို့
ချစ်မိခြင်းအတွက်နောင်တဆိုတာကို ငါပထမဆုံးခံစားဖူးခဲ့သေး၇ဲ့
ချစ်သူ
ငါ့မျက်ရည်တွေကုန်လုပြီ.......
မင်းအတွက်ကျခဲ့တဲ့မျက်၇ြ်ပင်လယ်မှာ
ငါအကြိမ်ကြိမ်လက်ပစ်ကူးခဲ့ပြီးပြီ.....
အမုန်းမာန်မထားတတ်ခဲ့တဲ့ငါ.....
အမုန်းကြိမ်စာတော့ ထားတတ်မယ်ထင်ပါ၇ဲ့.......
အင်းလေ
အဆုံးမရှိတဲ့ သံသရာတစ်ကွေ့
ငါဆို့ပြန်တွေ့ကြ၇င်
မြင်ချင်သေးတယ်
မင်းဒီလိုပဲ ခက်ထန်နေဦးမလား......

Tuesday, December 04, 2007

ရေစက်

ခန ခန တိုက်ခဲ့မိတဲ့ ခလုတ်ပေါင်းများစွာ...
တစ်ခါတစ်ရံ ငါဟာင ငါမဟုတ်သလိုတောင်ခံစားမိခဲံ.....
ပျော့်ညါံခြင်းတွေဝေခြင်းတွေကို ၇ွံ၇ှာခဲ့တဲ့ငါ...
ပျားရည်ချိုလူးထားတဲ့ အဆိပ်ခဲကို ၀ါးမိနေသလားမသေချာ......
စောင့်စားခြင်းတခါးဝဆီ ဦးတည်နေတဲ့ စိတ်အစဉ်....
လေဟာပြင်ထဲမှာ မျောလွင့်နေမိသလား.......
အင်း....
တိုက်ဆိုင်မှုအသင်ချေနဲ့.....
ငါတို့ ဘယ်တော့ ဝေးရဦးမှာလဲ.......

Tuesday, November 20, 2007

လမ်းခွဲ

မင်းဆီက ကြွေကျခဲ့တဲ့
အကြင်နာအပိုင်းအစလေးတွေကို
အငမ်းမရ ကောက်ယူနေမိတုန်းက
ငါ့တကိုယ်လုံး
ပူလောင်ပြင်းတဲ့မီးတောက်တွေဝေလို့......
အသူရကယ်ဘုံထဲ
အ၇ှင်လတ်လတ်ခုန်ဆင်းခဲ့တဲ့ငါ..
နေ့မှာဒဏ်ခတ်ခံရလည်း
ညမှာငိုကြွေးနေရဆဲ...
ကိုယ့်ဒုက်ခကိုယ်ရှာ..
ရက်၇ှည်လများ
သောကပင်လယ်ထဲ
လက်ပစ်ကူးခဲ့တဲ့ငါ
နှစ်သိမ့်ဆုအဖြစ်
မင်း၇ဲ့အနမ်းတပွင့်တောင်
မချီးမြင့်ခဲ့တာ ကြာပီပဲ...
အမှတ်တမဲ့သတိဝင်လာမိတဲ့အခါ
ကိုယ်ချင်းစာစိတ်နဲ့ ကိုယ်ကျိုး၇ှာစိတ်
ဘယ်အရာကိုအားသာပေး၇မှာပါလိမ့်
ဖြူစင်စွာပေးဆပ်ခြင်းနဲ့
အကြင်နာမြစ်တစင်း၇ဲ့
ဆက်ကြေးတစုံတရာအပြင်
နေ့၇က်မပြတ်ခစားဆက်ခဲ့ခြင်းက
ဟန်ဆောင်အပြုံးတပွင့်
မော်ဖူးခွင့် အတွက်တန်ကြေးတဲ့လား...
အချစ်ကြီးပေမယ့်
အမျက်မကြီးနိုင်ခဲ့တဲ့ငါ
ရင်ကွဲနာကိုပွေ့ပိုက်၇င်း
ပြန်ကြားရေးတာဝန်ထမ်းရွက်ခဲ့ဘူးသေးရဲ့...
ရှားမီးကို ပျားရည်အမှတ်နဲ့
အကြိမ်ကြိမ်သောက်သုံးနေခဲ့တဲ့ငါ
အ၇ိုးထဲတောင်ကျွမ်းလောင်လုပေါ့
အင်းခုတော့
ဖြစ်သင့်ခြင်းနဲ့မဖြစ်သင့်ခြင်းကြား
အမုန်းတွေပွားသထက်ပွား
အချစ်တွေချောင်းခြားစေဖို့
ရှောင်ပုန်းခြင်းသက်သက်အပြင်
ကတိတခုပါ ဖျက်၇လိမ့်ဦးမယ်

နှင်းဆီနီ

Monday, September 03, 2007

မလာကြပါနဲ့
မှော်ဆရာမျက်လုံး
စုန်းကဝေအသည်းနှလုံးနဲ့
ပန်းပျိုးလို့ပွင့်မယ်တဲ့လား
အထီးကျန်အပင်ငယ်
မလန်းချင်လည်းနေစေတော့
အဆီနှစ်မဲ့မြေကျစ်စာထဲ
ဒီတိုင်းလေးပဲရှင်သန်မယ်
နွမ်းခြောက်ကြွေလဲ ကြွေစေတော့......