Sunday, December 09, 2007

ပြန်ခဲ့တော့

ကခုန်နေတဲ့ လေညင်းလေးနဲ့အတူ
ငါမျှော်လင့်ခဲ့မိတဲ့မင်း၇ဲ့ချစ်ခြင်းတစ်ခု....

ချိုသာစွာသီကြူးနေတဲ့ ငှက်ကလေးတွေ၇ဲ့
နူးညံ့တဲ့သံစဉ်လေးတွေနဲ့အတူ
မင်း၇ဲ့အချစ်ကလေးတွေများစီးမျောပါလာလိမ့်မလား
၇ှာဖွေနေရင်း.....

ညည ၇ံခါ ယောင်ယမ်း ငိုကြွေးနေမိတဲ့အခါ
ချစ်သူရဲ့နှစ်သိမ်းမှုကို တမ်းတနေမိပြန်ရော......

တစ်ခါတစ်ရံ
ကြမ်းတမ်းတဲ့လောကဓိအောက်
အံခဲံကာ ဖြတ်လျှောက်နေတုန်း
ချိုသာတဲ့ချစ်သူအပြုံးတစ်ပွင့်နဲ့
ဖြေသိမ့်နေခဲ့ချင်သူပေါ့......

ချစ်သူ
ဝေးကွာခြင်းတွေအဆုံးသတ်ချင်နေမိ.
ရင်မှာသစ်စာ ထားတာကစေတနာ
မင်းနဲ့မခွာ အတူလျြှောက်ချင်တဲ့ ဘ၀လမ်းမို့
အမြန်သာပြန်ခဲ့တော့........

နှင်းဆီနီ

1 comment:

ကလိုစေးထူး said...

မရောက်တာကြာလို့ မဖတ်ရသေးတဲ့ ကဗျာမှန်သမျှ အကုန် သိမ်းကြုံးဖတ်သွားတယ်ကွ။ ဒါပေမယ့် ညည်း အပျင်းတစ်နေတာ တော်တော်ကြာပြီပဲ။ ထပ်ရေးအုံးလေ။ ပြီးရင်လဲ ဘာရေးထားတယ်ဆိုလာ လာပြောအုံး။ ကြားလား။