Wednesday, September 10, 2008

ရင်ခုန်ခြင်းဆုလာဘ်ကို
ပေးသနားခဲ့တဲ့ သခင်...
ချစ်တတ်ခြင်း စေတမာန်အစစ်နဲ့
တွယ်ရစ်အောင် သူဖန်ဆင်းလို့
ရက်စက်တတ်တဲ့ လောကဓံကို
ခဏတာ မေ့မြောအောင် စွမ်းဆောင်နိုင်ခဲ့...
ကြင်လည်ရာ အသင်လောကနဲ့အတူ
ဝင်သက် ထွက်သက်တိုင်းမှာ
ငါရေရွတ်နေခဲ့ မင်းရဲ့အမည်နာမ တစ်ခု....
ဆုံဆည်းခွင့်ဆိုတဲ့....
ငါမျှော်လင့်ခဲ့တဲ့ အိပ်မက်နဲ့အတူ
ချိုပျားရည်အနမ်းပေါင်းများစွာ...
ငါအကြိမ်ကြိမ် သောက်သုံးခဲ့ရပေါ့...
ဘ၀သခင်.. အလှသခင်..
အို ငါ့ရဲ့ စေတစ်လုံးပိုင်ရှင် သခင်ရယ်..
သခင့်အလိုကျ ဖြည့်ဆည်းရင်း..
တခုတည်းသောလိုအင်ဆန်ဒ..
ဘ၀ပေါင်းများစွာ သခင်နဲ့အတူ ထာဝရ ဆုံဆည်းရင်း..

No comments: