Thursday, June 21, 2007

ကြယ်ကြွေညရဲ့ ရင်ခုန်သံကြားမှာ
သေဆုံးနေခဲ့တဲံ မျှော်လင့်ခြင်း
ပျော်ရွှင်ခြင်းမဲံ ခြောက်ကမ်းပါးထိပ်
တိုးတိတ်နှုတ်ဆိတ်စွာရပ်လို့..
အပြာရော်ကောင်းကင်နဲ့ လမင်းရယ်သံ
ငါ့ရဲ့အထီးကျန်မျက်ရည်ကို
လှောင်ပြောင်နေလေရော့သလား...
ဟိုးအဝေးဆီက ကြယ်စင်ခလမင်းရယ်..
သေအံ့မူးမူး ငါ့နှလုံးသားကရဲ့
ညည်းတွားငိုကြွေးသံကို ကြားနိုင်ပါစ...
စွဲလန်းမှုနွံထဲကငါ
ကြင်နာပေးခဲ့ဖူးတဲံ
လမင်းခြေရိာကို
နှလုံးသားထက် သေရာပါခတ်နှိပ်ရင်း
ကျလုဆဲ မျက်ရည်ကို လူမမြင်အောင်ကွယ်ဝှက်ရင်း
ပန်းတိုင်မဲံပင်လယ်ကို
အားကိုးရာမဲံ ကူးခတ်ရင်း............