Wednesday, May 16, 2007

မှတ်တမ်းတို

ငါဝတ်ဆင်ခဲ့တဲ့..
မလှပတဲ့အမုန်းမဲ့ ချစ်ခြင်းတစ်ခု..
မင်းအတွက် သီးသန့်ပါလို့ ငါမပြောချင်တော့ပါဘူး...
ရူးသွပ်ခဲ့တဲ့ မင်းအပြုံးနုတွေကြောင့်.
ဆူးသင့်နှင်းဆီလို နွမ်းလျနေလဲ ငါတမ်းတဆဲ..
မြတ်နိုးခဲ့တဲ့ သိက်ခါနဲ့မာနတရား..
မင်းအကြိမ်ကြိမ်ချနင်းပစ်ခဲ့လဲ..မငြိုငြင်ခဲ့...
ခုတော့........
ငါရှာဖွေခဲ့ဖူးတဲ့ အမှန်တရားဆိုတာလဲ...
နှင်းဆီပင်ခြေရင်းမှာ သေဆုံးခဲ့တာ ကြာပြီပဲ........

အရှုံးရဲ့ အရှုံး

ငါရှင်လျှက်နဲ့ သေခဲ့ရတဲံနေ့..
ငါ့ဝိဥာဉ် မြစ်ကူးချောင်းခြား မျောပါသွားတဲ့နေ့..........
အဲဒီနေ့ကို ငါဘယ်လိုမေ့နိုင်ပါ့မလဲ...
လေးနက်တဲ့ ချစ်ခြင်းတွေနဲ့..
အသက်ဆက်နေခဲ့၇တဲ့ငါ...
သူများလက်ထဲက အသည်းနှလုံးတစ်စုံကို..
ဘယ်လိုအင်အားမျိုးနဲ့...
မျှော်ငေးနေရပါ့မလဲ...
ရန်သူတစ်ယောက်ရဲ့ အောင်နိုင်သူအပြုံးမျိုးကို..
မင်းမြင်ရရင်ရော..
အေးဆေးလက်ပိုက် ပြုံးနေနိုင်ဦးမတဲ့လား...
မနိုင်ခင်က ရှုံးခဲ့တဲ့ငါ....
အရှုံးမပေးနဲ့ဆိုတဲ့စကား..
နာယူနိုင်စွမ်း ရှိပါဦးမလား......

နှလုံးသားရဲ့ငိုကြွေးသံ

အဲဒီနေ့ကစပြီး...
မိုးစဲရပ်ဝန်းဆိုတာ ..
ငါ့မျက်ဝန်းတွေနဲ့ ဘာမှမဆိုင်တဲ့...
လေဟာနယ်ထဲက ဒေသတစ်ခုအဖြစ်..
၇ုတ်ချည်းကူးပြောင်းလို့...
ငါ့နှလုံးအိမ်ထဲမှာလဲ..
အလွမ်းမိုးက သည်းထန်နေဆဲ...
ရံဖန်ရံခါ မုန်တိုင်းက ပြင်းထန်ဆဲ...
ဘယ်တော့များမှ လေပြေလာလေမလဲ..
ငါမတွေးရဲဘူး...
လှိုင်းခတ်တဲ့ ဒဏ်ကြောင့်..
ငါ့နှလုံးသားနံရံတွေ..
ကြမ်းကျွံလုလု...
အင်း............အဲဒီနေ့မှာပဲ..
ငါ့ကမ္ဘာပ်က္ခဲ့တာ.....
ဘယ်..သူ..မှ..မ..သိ..လိုက်..ကြ..ဘူး..

နတ်သမီးတောင်းဆု

ငါနေခဲ့တာ အာလာဒင်မီးခွက်မဟုတ်တဲ့.
အရောင်မှိန်မှိန်နဲ့ရှေးကျတဲ့ ပုလင်းတစ်လုံးထဲမှာပေါ့
မမျှော်လင့်ပဲ မင်းနဲ့
မကျယ်ဝန်းလှတဲ့ လောကငယ်တစ်ခုမှာဆုံတွေ့ခဲ့ရာကစ..
နားမလည်ခဲ့တဲ့..
ဘယ်တော့မှနားလည်ဖို့ရာ မကြိုးစားတော့မယ့်...
အချစ်ဆိုတဲ့အရာကြီးကို
ရူးမိုက်စွာ ဖက်တွယ်ခဲ့ရပြီး..
အဆုံးမှာတော့...
ထားရာနေ စေရာသွား...
မင်းကစားစရာ အရုပ်ကလေးဘ၀ကနေ...
အခုများတော့...
အစွန့်ပစ်ခံ အမှိုက်တစ်စ..
ကောက်ယူသူမဲ့ မျက်နှာမွဲလေးပေါ့........
မင်းလိုရာ ဖြည့်ပေးဖူးခဲ့တဲ့...
အစွမ်းအစနဲ့ တန်ခိုးတွေဟာလဲ...
ပုလင်းထဲက နတ်သမီး ငါ့အတွက်...
မင်းကိုပြန်လာအောင် မစွမ်းဆောင်နိုင်တော့လဲ...
ဒါပေမယ့်လေ...
ကြယ်တွေကြွေတိုင်း ဆုတောင်းနေမိသေးတယ်..
မင်းအတွက်အရုပ်ကလေး..
ပြန်ဖြစ်ချင်သေးလို့.........!_!

(တစ်ခါကအလွန်ချစ်ခဲ့ရသော ချစ်သူသို့)