သူငယ်ချင်းလေးတွေက မူကြိုကျောင်းလေး တစ်ခုဖွင့်မယ်တဲ့.............
ရန်ကုန် စမ်းချောင်းဘက်မှာပေါ့..........
စိတ်ဝင်စားရင် ခုတည်းက ကြိုတင် ဘွတ်ကင်လုပ်ထားလို့၇တယ်နော်........
Wednesday, April 23, 2008
အချစ်လမ်းဆုံး

သူမတူတဲ့
ချစ်ခြင်းတွေ
သစ္စာရှိမှုတွေနဲ့
ဘာမှမကျန်တော့အောင်
အချစ်တွေပေးခဲ့ပြီးမှ
ဘယ်လိုမှမဖြစ်နိုင်လို့ပါ
ဆိုတဲ့
စကားတစ်ခွန်းကို
လွယ်လွယ်ပြောရင်း
လမ်းခွဲချင်တယ်တဲ့လားချစ်သူ
ပေးဆပ်ခဲ့
အချစ်တွေကို
နည်းနည်းလောက်ပဲဖြစ်ဖြစ်
နားလည်ပေးစမ်းပါ
နင့်ဆီမှာလမ်းဆုံးသွားတဲ့
ငါ့အချစ်တွေ
အခြားပြောင်းရအောင်လည်း
အပေါစားမဆန်ဘူး
ပြန်လာမဲ့နေ့
တမ်းတရင်းနဲ့
ဒီရင်ခွင်မလှမပထဲ
နင့်ပုံရိပ်တွေ သိမ်းဆည်းရင်း
ငါရှိနေသေးတယ်ဆိုတာကိုတော့
အမှတ်ရပေးပါ။။။။
လျှောက်လဲချက်
ဖွင့်ပြောမှသိမှာလား..
လွင့်မျောခဲ့တာကိုယ်ပါကွယ်
မင်းရှေ့ကိုရောက်လာတဲ့
သစ်ရွက်ခြောက်လေးပါ
ဖွဖွလေးကောက်ပြီး
ရေကြည်လေးတစ်ပေါက်လောက်တိုက်လှည့်ပါ။
ဖွင့်ပြောမှသိမှာလား..
လောင်ကျွမ်းခဲ့တာကိုယ်ပါကွယ်။
မင်းရှေ့ကိုရောက်လာတဲ့
မီးတောင်အောက်က
ပြာမှုန်လေးတစ်မှုန်ပါ
ဖွဖွလေးကောက်ယူုပြီး
လေပြည်အေးနဲ့
နွေးထွေးပေးပါ။
မင်းကောက်ယူလိုက်တာနဲ့
နှစ်ယောက်အတူအေးမြပါရစေ။။။
Monday, February 18, 2008
လွမ်းတယ်ကွယ်
အချစ် အချစ်နဲ့အော်နေတဲ့ငါ့၇င်ဘတ်ထဲ မင်းဝင်ကြည့်စမ်းပါ
မင်းလေးနာမယ်အခါခါရွတ်နေတယ်
တခါမှမငိုဘူးသေးတဲ့ငါ့မျက်ဝန်းတွေထဲ
လွမ်းတတ်ယုံနဲ့ မျက်၇ည်တွေဝေလို့
မာလှပီထင်ခဲ့တဲ့ငါ့အသည်း
ဂွမ်းဖတ်လေးထက်နုအောင်မင်းပြုစားရက်တယ်နော်..
တကယ်ဆို မတွေ့မမြင်နိုင်တဲ့သံယောဇဉ်နဲ့
မင်းချည်နှောင်ခဲ့လိုက်တာ
သေရာပါပဲလေ........
အချစ် အချစ်နဲ့အော်နေတဲ့ငါ့၇င်ဘတ်ထဲ မင်းဝင်ကြည့်စမ်းပါ
မင်းလေးနာမယ်အခါခါရွတ်နေတယ်
တခါမှမငိုဘူးသေးတဲ့ငါ့မျက်ဝန်းတွေထဲ
လွမ်းတတ်ယုံနဲ့ မျက်၇ည်တွေဝေလို့
မာလှပီထင်ခဲ့တဲ့ငါ့အသည်း
ဂွမ်းဖတ်လေးထက်နုအောင်မင်းပြုစားရက်တယ်နော်..
တကယ်ဆို မတွေ့မမြင်နိုင်တဲ့သံယောဇဉ်နဲ့
မင်းချည်နှောင်ခဲ့လိုက်တာ
သေရာပါပဲလေ........
