Wednesday, September 10, 2008

အိပ်မက်ဟာ
လက်တွေ့မဖြစ်နိုင်မှန်းသိပေမယ့်..
အိပ်မက်ကိုပဲ ခုံမင်နေတတ်တဲ့ငါ့ကို
အိပ်မက် သခင်....
အပြစ်တင်ရက်မှာလား...
ရင်ခုန်ခြင်းဆုလာဘ်ကို
ပေးသနားခဲ့တဲ့ သခင်...
ချစ်တတ်ခြင်း စေတမာန်အစစ်နဲ့
တွယ်ရစ်အောင် သူဖန်ဆင်းလို့
ရက်စက်တတ်တဲ့ လောကဓံကို
ခဏတာ မေ့မြောအောင် စွမ်းဆောင်နိုင်ခဲ့...
ကြင်လည်ရာ အသင်လောကနဲ့အတူ
ဝင်သက် ထွက်သက်တိုင်းမှာ
ငါရေရွတ်နေခဲ့ မင်းရဲ့အမည်နာမ တစ်ခု....
ဆုံဆည်းခွင့်ဆိုတဲ့....
ငါမျှော်လင့်ခဲ့တဲ့ အိပ်မက်နဲ့အတူ
ချိုပျားရည်အနမ်းပေါင်းများစွာ...
ငါအကြိမ်ကြိမ် သောက်သုံးခဲ့ရပေါ့...
ဘ၀သခင်.. အလှသခင်..
အို ငါ့ရဲ့ စေတစ်လုံးပိုင်ရှင် သခင်ရယ်..
သခင့်အလိုကျ ဖြည့်ဆည်းရင်း..
တခုတည်းသောလိုအင်ဆန်ဒ..
ဘ၀ပေါင်းများစွာ သခင်နဲ့အတူ ထာဝရ ဆုံဆည်းရင်း..

Saturday, September 06, 2008

မသွားနဲ့ အဝေး

ချစ်သူ....
အိပ်မပျော်တဲ့ ညပေါင်းများစွာ
တမ်းတခြင်းတွေနဲ့ ချုပ်နှောင်ခဲ့...
ပြုစားတတ်တဲ့ ကဝေဆိုးလေးလို..
စွဲလမ်းခြင်းဆိုတဲ့ ဝေဒနာတစ်ခု
ထပ်တိုးလို့ ရစ်နှောင်တွယ်..

အရူးအမူးဆိုတဲ့ ခေါင်းစဉ်အောက်က
မောင့်ရဲ့ပျော်ရွှင်ခြင်း ဆိုတဲ့ စာပိုဒ်ခွဲ
အလွတ်ကျက်စရာ မလိုပဲ
အထပ်ထပ် အလွတ်ရနေတဲ့
ကျွမ်းလောင်နေတဲ့ ငါ့အသည်းတစ်ခုအတွက်..
ကင်ဆာဆဲလ်တွေအားလုံးထက် ပြန့်နှံ့လွယ်တဲ့
မင်းအတွက် ချစ်ခြင်းသံစဉ်တစ်ချို့..

အဆိပ်သင့် ၀ိုင်ချိုထက် ယစ်မူးစရာကောင်းတဲ့
ချိုမြမြ အနမ်းတွေ ခြွေချတတ်တဲ့ နှုတ်ခမ်းတစ်စုံ...
အက်ဆစ်ထက်ပြင်းတဲ့ မျက်ဝန်းညိုတွေရဲ့ညို့ငင်စွမ်းအား..
အဲဒီအရာတွေအားလုံးရဲ့ ပိုင်ရှင်နတ်ဆိုးလေးရယ်..
ဘယ်ပုံဘယ်နည်းနဲ့ ငါရှောင်တိမ်းလို့ လွတ်နိုင်ပါ့..

သေရာပါ ဝေဒနာတွေ ခြေရာချန်ပြီးမှ
မသေမရှင် မထားခဲ့ပါနဲ့..
မင်းပျော်မယ်ဆို လိုရာသွား..
ကြိုးဆွဲရာကမယ့် ရုပ်သေးရုပ်လေးကိုယ်ပါကွယ်...

Friday, September 05, 2008

ယုံကြည်ပါချစ်သူ..
ငါ့အချစ်တွေအားလုံးရဲ့ ပြယုဂ်အဖြစ်
ငါ့အသည်းကို စတေးရဲခဲံ..
ချစ်သူ..
မင်းရဲ့ချစ်ခြင်း အတ်တတွေပြည့်ချင်ပြည့်ပါစေ...
ပျော်ဝင်ယစ်မူးနေခဲ့ ငါ့စိတ်အစဉ်..
အသက်မဲ့ ၀ိဥာဉ်ဖြစ်စေဦး
မင်းလိုချင် အမြဲအသင့်ရှိနေခဲ့..
အဆုံးသတ်မဲ့တစ်နေ့
ဘယ်တော့မှ မမျှော်လင့်ချင်..
နှောင်ကြိုးတွေ အထပ်ထပ်ရစ်
ချစ်ပြီးရင်း ချစ်ချင်ခဲ့..
ဟင့်အင်း..........
ဘယ်တော့မှ မလာနဲ့
လမ်းခွဲ ဆိုတဲ့စကား....

Friday, August 15, 2008

ငါ့သမိုင်းစာမျက်နှာမှာ
လင်းချင်းခဲ့ကြတဲ့ ကြယ်စင်တွေ
တစင်းပီးတစင်း.....
ချစ်တယ်ဆိုတဲ့ မြည်သံစွဲ အလင်္ကာနဲ့
အစွဲလန်းကြီးတတ်တဲ့ ငါ့ရင်ဘတ်ကြီးထဲကို ခုန်ခုန်ချ..
အင်း..
မျက်စိတမှိတ်အတွင်းပဲထင်ရဲ့
ဥက်ကာပျံတွေအဖြစ် အသွင်ပြောင်းပီး
ဖျတ်ခနဲ ဖျတ်ခနဲ လွင့်စင်သွားကြပြန်..
ဟူး...
ချမိခဲ့ ပင့်သက်မော မြောက်မြားစွာ..
ဘယ်နေ့မှာ ကိုယ်ပိုင် အမည်နာမနဲ့ ကြယ်စင်တစ်ခု
ပိုင်ဆိုင်ခွင့်ရလေမလဲ..
ငါဆုပ်ကိုင်ထားခဲ့တဲ့ မျှော်လင့်ခြင်းရောင်စဉ်
ငါ့၇ဲ့ ကိုယ်ပိုင် အနာဂတ်ဖြစ်လာလေမှာလား...
မသေချာ..
အနာဂတ်မဲ့ ချစ်ခြင်း...
တွယ်တာရာ အမုန်းမဲ့ ရပ်ဝန်း..
ခိုဝင်ခဲ့ပါ ချစ်သူ..
ပိုင်ဆိုင်ခြင်းမဲ့ ငါ့အတ်တ တွေနဲ့
ဖြည့်ဆည်းပေးချင်ခဲ့ မင်း၇ဲ့ပျော်ရွှင်ခြင်း
အနားသတ်မဲ့ မိုးကုပ်အချစ်စက်ဝိုင်းထဲ
မင်းရင်ခုန်ပျော်ရွှင်နေစေဖို့မျှော်လင့်ရင်း..

Wednesday, August 13, 2008

မောင်
အကြင်နာနုနုနဲ့ နှလုံးသားကို တဖဲ့ဖဲ့ခြွေ..
အဆိပ်သင့် နှုတ်ခမ်းတစ်စုံနဲ့..
ညို့အားပြင်း အညိုရောင်မျက်ဝန်းတစ်စုံ
ငါ့ကို ရူးသွပ်စေခဲ့..
ရက်စက်တဲ့ကံစေရာ
နူးညံ့တဲ့ အမိန့်တော်တစ်ခုနဲ့အတူ
မျောလွင့်ရင်း
မသေချာပေမယ့်လည်း သေချာနေတဲ့ ချစ်ခြင်းတစ်ခု..
အင်း ဖြစ်နိုင်တာက ဘ၀ဆုံးထိတိုင်..

Thursday, August 07, 2008

နွေးထွေးတဲံအကြင်နာ တစ်စုံတစ်ရာနဲ့
ငါ့ဘ၀ကို ပြုစားရက်သူ..
လွင့်မျောခဲ့ အတ်တနဲ့ ကိုယ်ပိုင်ဘ၀တစ်ခု
မင်း၇ဲ့အချစ်နေ၀င်ချိန်ကို ထိတ်လန့်စွာ စောင့်မျှော်ရင်း
ကြွေလွင့်ခဲ့မျက်ရည်တစ်ချို့
မင်းမသိအောင်မြှုပ်နှံထားရင်း
တိတ်တဆိတ်နဲ့ ဆို့နင့်နေခဲ့..
ရင်ခုန်စရာ အနမ်းတချို့
ထာဝရ လက်ဆောင်ဖြစ်နေလေမလား..
အင်း..
အဲဒီနေ့က ငါခေါစာပစ်ခဲ့တဲ့နှလုံးသားတစ်ခု..
အဆိပ်သင့်နေလောက်ပီထင့်..