Wednesday, May 16, 2007

မှတ်တမ်းတို

ငါဝတ်ဆင်ခဲ့တဲ့..
မလှပတဲ့အမုန်းမဲ့ ချစ်ခြင်းတစ်ခု..
မင်းအတွက် သီးသန့်ပါလို့ ငါမပြောချင်တော့ပါဘူး...
ရူးသွပ်ခဲ့တဲ့ မင်းအပြုံးနုတွေကြောင့်.
ဆူးသင့်နှင်းဆီလို နွမ်းလျနေလဲ ငါတမ်းတဆဲ..
မြတ်နိုးခဲ့တဲ့ သိက်ခါနဲ့မာနတရား..
မင်းအကြိမ်ကြိမ်ချနင်းပစ်ခဲ့လဲ..မငြိုငြင်ခဲ့...
ခုတော့........
ငါရှာဖွေခဲ့ဖူးတဲ့ အမှန်တရားဆိုတာလဲ...
နှင်းဆီပင်ခြေရင်းမှာ သေဆုံးခဲ့တာ ကြာပြီပဲ........

1 comment:

ကလိုစေးထူး said...

အမှန်တရားဆိုတာ ဘယ်တော့မှ မသေဘူးကွ။ လဲကျသွားရင် ပြန်ထကွာ။ :P