Thursday, February 15, 2007

ချစ်သူ
မိုးလင်းတာနဲ့မင်းကိုပဲမျက်စိထဲ
ပြေးမြင်မိတယ်....
အမြဲတမ်း သတိရတမ်းတစိတ်နဲ့ ဆွေးမြေ့စွာခံစား......
သတိရမိတိုင်းရင်ခုန်ခြင်းတွေပါ ကူးစက်လို့.
အမြဲလှောင်ပြောင်သရော်နေတတ်ခဲ့ပေမယ့်
မင်းရှေ့ေ၇ာက်တော့ ယုန်သငယ်လေးလို အရာရာဆွံ့အလို့..
ရဲဝံ့တတ်တဲံ့ သတ်တိတွေလဲပျောက်ဆုံး
မင်းညိုညင်မှာကို စိုးထိတ်........
သံယောဇဉ်အမျှင်ပြတ်သွားမှာကိုကြောက်လန့်စိတ်နဲ့.....
အရာရာကိုမ၀ံ့ရဲတဲ့အဖြစ်...
ညတိုင်းအိပ်စက်မရအောင်မင်းမှမင်းပဲကြီးစိုးနေခဲ့
မျက်စိစုံမှိတ် ဇွတ်အိပ်ခဲ့လဲ.
အိပ်မက်ထိတိုင်နေရာယူဆဲ....
ဒါတွေကိုမင်းမသိစေချင်ခဲ့

ချစ်သူ မင်းသာထာဝရပျော်ရွှင်မယ်ဆိုရင်လေ
ငါ့နှလုံးသားကိုယစ်ပူဇော်ရဲတယ်...
မင်းသာထာဝရချမ်းမြေ့နေမယ်ဆိုရင်လေ
ငါ့အသက်ကိုစွန့်လွှတ်ရဲတယ်........
ချစ်သူ မင်းသာကြည်ဖြူမယ်ဆိုရင်လေ
ဒူးထောက်ခစား အရှုံးသမားလေးဖြစ်လဲ
ငါနောင်တရမိမှာမဟုတ်ပါဘူးချစ်သူရယ်

No comments: